yokethan

ဝန်ဆောင်မှု စည်းကမ်း

လက်ရှိ Yokethan Recap ဝန်ဆောင်မှု အလုပ်လုပ်ပုံ။

Account နှင့် မူရင်းဖိုင်

သင်ထိန်းချုပ်နိုင်သော Account ကို သုံးပြီး အသုံးပြုခွင့်ရှိသော ဖိုင်ကိုသာ တင်ပါ။ မူရင်းဖိုင်နှင့် ထုတ်ထားသောဖိုင် အသုံးပြုခြင်း၊ ထုတ်ဝေခြင်းအတွက် သင်တာဝန်ယူရပါမည်။ Sign-in အချက်အလက်ကို လျှို့ဝှက်ထားပါ။ Recap ဖန်တီးခြင်းကြောင့် မူရင်းရုပ်ရှင်၏ ပိုင်ဆိုင်ခွင့် သို့မဟုတ် ထုတ်ဝေခွင့် မရပါ။

AI ဖန်တီးသော ရလဒ်

ဇာတ်ညွှန်း၊ အသံ၊ Subtitle နှင့် Scene ရွေးချယ်မှုတွင် အမှား ပါနိုင်သည်။ ထုတ်လုပ်မှု အတည်မပြုမီ ဇာတ်ညွှန်းနှင့် Scene ကို စစ်ပါ။ ထုတ်ဝေမီ ရလဒ်ကိုလည်း စစ်ပါ။ ဖိုင်၊ အရှည်နှင့် ဝန်ဆောင်မှုအခြေအနေအလိုက် ကြာချိန် ကွာနိုင်ပြီး အချိန်အတိအကျ ပြီးမည်ဟု မအာမခံထားပါ။

ဝယ်ယူမှုနှင့် Download

လက်ရှိ Package သည် တစ်ကြိမ် ဝယ်ယူမှုဖြစ်ပြီး Auto-renew မရှိပါ။ Credit အရေအတွက်၊ Watermark နှင့် သက်တမ်းကို Package တွင် ပြထားသည်။ Credit 1 ခု = Recap 1 မိနစ် (မိနစ်ပြည့် ရေတွက်)။ Account တွင် Credit လက်ကျန်၊ သက်တမ်းနှင့် မှတ်တမ်းအပြည့် ကြည့်နိုင်သည်။ Payment ကို လူကိုယ်တိုင် စစ်ပြီး Pending Request ဖြင့် Credit မရပါ။ Delivery ပြီးချိန်မှ 30 days အတွင်း Download လုပ်နိုင်သည်။ Download သက်တမ်းနှင့် Storage မှ ဖိုင်ဖျက်ခြင်းသည် သီးခြား ဖြစ်သည်။

ပြဿနာနှင့် Request

Recap၊ Payment၊ Account သို့မဟုတ် Privacy ပြဿနာအတွက် ကိုယ်ပိုင် Support thread ကို သုံးပါ။ Staff က Account ထဲတွင် အဖြေပို့မည်။ Request တင်ခြင်း သို့မဟုတ် ပိတ်ခြင်းဖြင့် Credit၊ Payment သို့မဟုတ် ငွေပြန်အမ်းမှု အလိုအလျောက် မပြောင်းပါ။ Credit ပြန်ရသည့် စည်းမျဉ်းကို Refunds စာမျက်နှာတွင် ကြည့်ပါ။

ပြဿနာ ရှိသေးလား

Support မှာ စာပို့ပါ။ သင်နဲ့ တာဝန်ရှိ Staff ပဲ ဖတ်ပါတယ်။

Support သို့ စာပို့မည်